ပဲခူး ဖေဖော်ဝါရီ ၁၅ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်က ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နား ကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူး ဒေါက်တာတင်မိုးအေးမှ ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားကာ တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ ပဲခူးတက္ကသိုလ် မြန်မာစာဌာနမှူး ဒေါက်တာသဇင်သောင်းမှ ရှင်းလင်းဖတ်ကြားပြီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ ထမနဲယှဉ်ပြိုင်ထိုးကြရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးကြသည်။ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၄ ================= ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်း အင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်းအသုံးပြုနိုင်ခြင်း အားဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်း အချက်အလက်များ ပံ့ပို့ပေးနေရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး …
Read More »(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း
ပဲခူး ဖေဖော်ဝါရီ ၁၁ =========== ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူ ဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။ အဆိုပါသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု(၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန် ဝင်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဦးစွာ သမီးငယ်လေး များက အေရိုးဗစ်သရုပ်ပြ အကများဖြင့် ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက …
Read More »(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၀ ================ ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဌာနီသီချင်းဖြင့် ကပြဖျော်ဖြေနေမှု အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၄)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ၏ ပြခန်း(၁၆)ခန်းနှင့် တိုင်းရင်းသား အစားအစာ အရောင်းပြခန်း (၂၄)ခန်းတို့အား …
Read More »အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဖေဖော်ဝါရီ ၉ =========================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက် ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲ ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူး ဖေဖော်ဝါရီ ၈ ============= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊သာမဏေ၊သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကန်တော့ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားအတွက် ဝတ္ထုငွေကျပ်သိန်း(၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ကာ …
Read More »ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) သည် (၁)လကျော်သာ ကျန်ရှိတော့သဖြင့် ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုများရှိလာပြီဖြစ်၍ ညွှန်ကြားထား သည့်အတိုင်း Community Based Facility Quarantine (CBFQ) ဆောင်ရွက်မည့်နေရာများ အသင့်ပြင်ဆင်ထားရန်နှင့် စေတနာ့ဝန်ထမ်းများ ကြိုတင်စုစည်းထားရှိရန် ၊ ရပ်ကွက်/ကျေးရွာ အလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများလည်း …
Read More »(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်
ပဲခူး ဖေဖော်ဝါရီ ၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ်(၄)စီးနှင့် မီးသတ် ရေသယ်ယာဉ် (၁)၊ စုစုပေါင်း(၅)စီးအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ်စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် ရှိရန်လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းများလည်း စဉ်ဆက်မပြတ် လေ့ကျင့် နေရန်လိုအပ်ကြောင်း၊ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှု …
Read More »ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၅ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပပြန်များတွင်သာ တွေ့ရှိရပြီး ယခုအခါ ပြည်တွင်းကူးစက်မှုတွေ့ရှိ ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းများအတိုင်း လိုက်နာသွားရန်၊ အဓိကအားဖြင့် လူစုလူဝေးဖြစ်သည့် စက်ရုံများ လိုက်နာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးရန်၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်မီတာဆောင်သည့်နေရာများ၊ …
Read More »