Home / 2022 (page 19)

Yearly Archives: 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် မေ ၃ ================= တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညောင်လေးပင်မြို့အား ခရိုင်မြို့အဖြစ် အဆင့်မြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့စံချိန်စံညွှန်းနှင့်အညီ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအား သမားရိုးကျ မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီသိပ္ပံနည်းကျ …

Read More »

မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး မေ ၂ =====================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက် ပိုင်းက မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁)နှစ်တာ ကာလ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ခြင်းအတွက် ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပညာသင်နှစ်တစ် လျှောက်လုံး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများ ကြားမှ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ၏ စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်၍ (၉-၄-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆရာ/ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမည့် ပညာရေးသည် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့စာဖြေဌာနတွင် ၂၀၂၂ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာများနှင့် သီလရှင်များ၊ ကြီးကြပ်ဆရာတော်များအား ဖူးမြှော်ကြည်ညိုပြီး အအေးဗူးများ ဆက်ကပ်လှူဒါန်း

ပဲခူး ဧပြီ ၃၀ =============== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဧပြီလ(၃၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား သွားရောက်ကြည်ညို ကန်တော့ပြီး အအေးဗူးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဖြေဆိုရန်အတွက်  ဓမ္မာစရိယတန်း၌ ပါရာဇိကဏ်ကျမ်း(၅၆၈)ပါး၊ သီလက္ခန်ကျမ်း(၄၄၄)ပါး၊ ဓမ္မသင်္ဂဏီကျမ်း(၄၁၅)ပါး၊ မြန်မာစာဂုဏ်ထူး (၈၇)ပါး၊ ပါဠိဂုဏ်ထူး(၁၅)ပါး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဧပြီ ၃၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းအား ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီး ရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည် အဆင့်မြှင့်တင်ရန်၊ ကွန်ကရစ်ပန်းခုံများ လမ်းဘေးဝဲ/ယာ တစ်ညီတစ်ညာတည်း ဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …

Read More »

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဧပြီ ၂၉ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး (၃/၂၀၂၂)အား ဧပြီလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက Zoom Meeting  System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ် သည့်အတွက် မီးဘေးအန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်မီးအန္တရာယ်စသည်တို့ကို အထူးဂရုပြုရမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ရုံးတွင်း/ရုံးပြင်၊ မြို့တွင်း/ မြို့ပြင်၊ ကျေးရွာတွင်း/ ကျေးရွာပြင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းထားရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရေရှားပါးသည့် ကျေးရွာဒေသ များ၌ ရေချိုထိန်း သောက်သုံးရေကန်များ ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ကြွေးကျန်များ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး

ပဲခူး ဧပြီ ၂၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံဖြစ်သည့် (နိုင်-၄)စာရင်းမှတ်တမ်း ရိုက်သွင်းခြင်းအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ(၅၄)သိန်းကျော်အား Excel Format ဖြင့် ဧပြီလ(၄)ရက်နေ့ မှစ၍ ရိုက်သွင်းခဲ့ရာ ဧပြီလ(၂၇) ရက်နေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် တတိယအများဆုံး (နိုင်-၄)စာရင်း ရေးသွင်းရသည့် …

Read More »

မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ပဲခူး ဧပြီ ၂၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ် များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် အတွင်း ကျောင်းသား/သူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဧပြီ ၂၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် …

Read More »

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဧပြီ ၂၁ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။           အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် …

Read More »

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် နိုင်(၄)စာရင်းများအား ဧပြီလအကုန် Server အတွင်း အပြီးထည့်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဧပြီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမျိုးသားရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိသဖြင့် အခြားနိုင်ငံ များလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး အတွင်းမှာလည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား …

Read More »