Home / 2023 / May / 02

Daily Archives: May 2, 2023

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂ ==========       ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မေလ(၂)ရက်နေ့ နံနက်ပိုင်းက (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။          အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ မုန့်၊ အားဆေး၊ ဆန်၊ဆီ၊ အချိုရည်များပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။       (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း(၁၄၀) ဦးတို့မှ သွေးများလှူဒါန်းခဲ့သည့်အပြင် ဆေးရုံတက်လူနာများနှင့် သွေးအလှူရှင် စုစုပေါင်း လူဦးရေ …

Read More »