Home / 2023 / May / 20

Daily Archives: May 20, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၀ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၁၉)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် မိရိုးဖလာ စိုက်ပျိုးသည့် စိုက်စနစ်များ၊ မျိုးများအား ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ပြီး တောင်သူများနားလည် နိုင်သည့် ရိုးရှင်းသော စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေး နှင့် စိုက်ပျိုးမြေစမ်းသပ်ဓါတ်ခွဲခြင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိခြင်းနှင့် ခိုင်မာ သည့် ဈေးကွက်ရရှိခြင်းတို့အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ အဓိကသီးနှံဖြစ်သော စပါးအား နှစ်စဉ်ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေး အထူးအလေး ထား …

Read More »