Home / 2023 / May / 03

Daily Archives: May 3, 2023

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ဓမ္မသဘင်ပွဲ ဆင်ယဉ်ကျင်းပပြုလုပ်

ပဲခူး မေ ၃ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၃)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အရှေ့ဖက်မုခ်အနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြခဲ့သည်။ ထို့နောက် မြတ်ဗုဒ္ဓအားရည်မှန်းအာရုံပြု၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များက ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ညပိုင်းအချိန်တွင် ဆုတောင်းပြည်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ …

Read More »

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာ အပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၃ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  သံဃာတော်အရှင်သူမြတ်အပါး(၁၀၀၀)တို့မှ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ဓမ္မာရုံအသီးသီးတို့တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ မြို့မိမြို့ဖများက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင် တော်ပေါ်တွင် သံဃာတော် အရှင်သူမြတ်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့် …

Read More »