Home / 2023 / May / 07

Daily Archives: May 7, 2023

ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရင်ဆိုင် တုံ့ပြန်နိုင်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၇ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ ညနေ ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ပြောင်းလဲ၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရန် လမ်းကြောင်း များ ကြိုတင်ခန့်မှန်းချက်များအရ ပဲခူးတိုင်းဒေသကြီးသည်လည်း မုန်တိုင်းဒဏ်ခံရနိုင်သည့် အလာအလား များရှိနေကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထား ပြီးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တည်မြဲအမိန့်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြစ်ချောင်းဘေးရှိ ရပ်ကွက်/ကျေးရွာများနှင့် မုန်တိုင်းလမ်းကြောင်းဖြတ်သန်းရာ မြို့နယ်များအား မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ဘေး သင့် ပြည်သူများအတွက် ခိုနားရန်နေရာများအား ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများ အညီ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဆန်၊ ဆီ၊ …

Read More »