Home / 2023 / May / 11

Daily Archives: May 11, 2023

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မေ ၁၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းသို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းရွှေက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လူသုံးကုန်ပစ္စည်းများ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှု အခြေအနေ များနှင့် သိုလှောင်ရုံအတွင်း လူသုံးကုန်ပစ္စည်းများ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာ ဒေသသို့ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ မဖြစ် မနေလိုအပ်သည့် ဆေးဝါး၊ အဝတ်အထည်၊ ရိက္ခာခြောက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် သီးခြားလိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ …

Read More »