Home / 2023 / May / 16

Daily Archives: May 16, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူး မေ ၁၆ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်သို့ သွားရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင်များ ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို အလေးထားရန်လိုအပ်ကြောင်း၊ ကိုယ်ကျိုး စွန့်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့်ပြုမူ ပြောဆိုနေထိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ သွားရောက် ၍ အမြန်ဆုံး မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်အမှာ စကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက …

Read More »