Home / 2023 / May / 17

Daily Archives: May 17, 2023

Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်း များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၇ =================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ခဲ့သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ပညာရေးသမိုင်းကို တစ်ခေတ်ပြောင်းစေမည့် အမျိုးသားပညာရေး မဟာဗျူစီမံကိန်းရဲ့ အခြေခံပညာသင်ရိုးညွှန်တမ်းများကို ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကချမှတ်ထားတဲ့ ပညာရေးမူဝါဒများအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆရာ၊ဆရာမများအားလုံးက တာဝန်သိသိ ကြိုးပမ်း ပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွား သင်တန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား‌ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ …

Read More »