Home / 2023 / July / 26

Daily Archives: July 26, 2023

တိုင်းဒေသကြီးအတွင်း စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် နှစ်စဉ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီး/ရေနက်ကွင်းများ၊ သဲဆန်ကုန်းကြောမြေများနှင့် အခြားမြေများတွင် တစ်နှစ် (၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး အသေးစိတ်တင်ပြပေးရန်ဖြစ်ပြီး လိုအပ်ချက်များ ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုး သီးနှံအလိုက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စနစ်တကျ ပြောင်းလဲမှသာ  ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ပြီး အောက်ခြေတောင်သူများအထိ အသိပညာပေးခြင်း များ၊ ယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုး၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကသီးနှံ(၁၀)မျိုးတွင် ပန်းတိုင်အထွက် နှုန်းရရှိရန် နီးကပ်နေသည့်သီးနှံများအားလုံး ယခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး …

Read More »