Home / 2023 / July / 10

Daily Archives: July 10, 2023

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီရောက်ရှိပြီဖြစ်၍ လျာထားဧကအတိုင်း မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာနှင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလို(YAR-14) အထွက်နှုန်းကောင်းမျိုးစပါးအား သက်ဆိုင်ရာမျိုးစေ့ခြံများတွင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးထားပြီးဖြစ်၍ လိုအပ်သည့်မြို့နယ်များအား အချိန်မီဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ ဆီဖူလုံပိုလျှံမှုရှိစေရေး အထွက်ကောင်းသည့်စပ်မျိုးများအား အမှန်တကယ် စိုက်ပျိုးအောင်မြင် နိုင်သည့် မြေနုကျွန်းများတွင် စိုက်ပျိုးရန်လိုအပ်ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် …

Read More »