Home / 2023 / July / 31

Daily Archives: July 31, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင် ၃၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဦးထွန်းသိန်း၏ ငုံးကောင်ရေ(၁၀၀၀၀) မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး အသားနှင့်ဥ ထုတ်လုပ်မှု တိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းနောက် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးလှသန်း၏ ဆင်းသုခမျိုးစပါး ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကြဲခင်းစနစ်များ ပပျောက်နိုင်ရေးနှင့် သွင်းအားစုများအား သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် …

Read More »