Home / 2023 / July / 21

Daily Archives: July 21, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မင်းလှ ဇူလိုင် ၂၀ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇူလိုင်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။                  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းအတွင်း သိန်းရွှေကုမ္ပဏီ၏ ငါးမွေးမြူရေးကန်နှင့် ဥစားကြက် မွေးမြူရေးခြံများသို့ သွားရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက် စိုက်ပျိုးထားရှိမှုနှင့် မြေယာအသုံးချမှု အခြေ အနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ငါးမွေးမြူရေးကန်များနှင့် ဥစားကြက် မွေးမြူရေးခြံများသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး တိရစ္ဆာန် အမျိုးအစားအလိုက် ကျွေးမွေးရမည့် မြက်မျိုးများ ရှာဖွေသုတေသနပြုရေး၊ …

Read More »