Home / 2023 / July / 13

Daily Archives: July 13, 2023

၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဇူလိုင် ၁၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်းမှာလည်း ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ အနေအထိုင်၊ အစား …

Read More »