Home / 2023 / July / 24

Daily Archives: July 24, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး ဇူလိုင် ၂၄ ==========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါ လျက် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကလိကျေးရွာ၌ မိုးစပါး ရက်(၉၀)စပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း(၂၀)ဧကနှင့် ကမာနတ်ကျေးရွာ၊ ပဲခူးမျိုးသန့်ခြံ၌ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၁၀)တို့တွင် ပျိုးထောင်ကောက်စိုက် နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး မျိုးစေ့ ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသခံတောင်သူများကိုလည်း အစုအဖွဲ့စနစ်ဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးရန်၊ မြို့နယ်များရှိ မျိုးစေ့သန့်စင်စက်များနှင့် မျိုးသန့်သိုလှောင်ရုံများအား ပြန်လည်အဆင့် မြှင့်တင်ထားရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊မြေ၊ရေ၊နည်း စနစ်တကျ …

Read More »