Home / 2023 / July / 23

Daily Archives: July 23, 2023

ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ် ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၃ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဈေးအရောင်းဆိုင်များနှင့် ဈေးရုံကြီးများ ပြန်လည်အဆင့်မြှင့်တင်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယခုထက် အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများ တင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဥ၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။           …

Read More »