Home / 2023 / August

Monthly Archives: August 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေး

ပဲခူး ဩဂုတ် ၃၁ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေး တပ်ခွဲသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများကို(၁၀)ရက်အတွင်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့သဖြင့် နိုင်ငံ့အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပရဟိတစိတ်အခြေခံပြီး တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ လေ့ကျင့်သားပြည့်ဝ မှုတို့ဖြင့် ပေါင်းစပ်ပြီး လေဘေးသင့်ပြည်သူများအတွက် နေပူမရှောင်၊ မိုးရွာမရှောင် စွမ်းစွမ်းတမံကူညီ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်သည် အချိန်တိုအတွင်း မူလအတိုင်း ပြန်လည်ရောက်ရှိသွား …

Read More »

ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၃၀ ===================           ပဲခူးမြို့၊ ငါးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရေထွက်သယံဇာပေါ ကြွယ်ဝပြီး ဒေသတွင်းသာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များအထိ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရေထွက် ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြု ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်ကြားပို့ချပေးမည့် ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်ခန်းစာများအား စိတ်ပါ ဝင်စားစွာ သင်ယူမှတ်သားပြီး အရည်အသွေးကောင်းမွန်ပြီး ဘေးဥပဒ်ကင်းသော ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေးနှင့် ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ …

Read More »

စီးပွားဖြစ် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၉ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကြူတောကန်ကျေးရွာ၌ တောင်သူပူးပေါင်းပါဝင်သော Basic Seed- Commercial Seed ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ဖူလုံစေရေးအတွက် ကျေးရွာများအလိုက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုး သွားရန်၊ မြို့နယ်အလိုက် မျိုးသန့်စင်စက်များဖြင့် တောင်သူလိုအပ်သည့် မျိုးသန့်မျိုးစေ့များဖြစ်စေရေး ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ …

Read More »

ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဩဂုတ် ၂၈ ================            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အတူ ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဆရာ/ ဆရာမများအား ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများ ဘာသာရပ်အလိုက် အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သုတေသနနှင့် နည်းပညာပြန့်ပွားနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ တန်ဖိုးလက်ဆွဲနည်းကောက်စိုက်စက်များ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …

Read More »

ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးလျက်ရှိ

ပြည် ဩဂုတ် ၂၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက်  ပိုင်းက ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဆေးရုံပြ လူနာများအား နှုတ်ဆက်အားပေးခဲ့ကာ ထမင်းဗူးများ ဝေငှပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆေးဝါးများ ပြတ်တောက်မှုမရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ဆေးကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဆေးဖိုးထောက်ပံ့ငွေကျပ်သိန်း(၅၀) ပေးအပ်ခဲ့သည်။ ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်(၈၀၀)ဦးကျော်အား ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/နား/နှာခေါင်း/ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်

ပြည် ဩဂုတ် ၂၅ =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မြောင်းဆုံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာစိုက်ခြင်းမှ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ ပြုပြင်ပြောင်းလဲ စိုက်ပျိုးသွားနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြည့်ဆည်း ဆောင်ရွက်နေမှု၊ နွေစပါး စိုက်ပျိုးရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်မှု မှတ်တမ်း ဗွီဒီယိုအား ရှင်းလင်းပြောကြားပေးခဲ့သည်။              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု အားပေး

ပြည် ဩဂုတ် ၂၄ =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာနှင့် မိန်းမရဲကျေးရွာတို့၌ ဆီထွက်သီးနှံ မိုးနေကြာ(စပ်မျိုးနေကြာ-၁)နှင့် (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးနေကြာအပြင် ဆောင်းနေကြာအား အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာ၊ ရာသီဥတုနှင့် ကိုက်ညီသည့် နေရာများရှာဖွေ၍ တိုးချဲ့စိုက်ပျိုး သွားရန်၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အသိ ပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ တီတွတ် ကျေးရွာအနီး မွေးမြူရေးဇုံ အကောင်အထည်ဖော်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်း ဆိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့

ပဲခူး ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးလျက်ရှိကာ …

Read More »

ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်သလို ရာသီအလိုက်ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည်ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်မည့် …

Read More »

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းများ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ယခုလို သံရည်ကျိုပုံသွန်းလောင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီ …

Read More »