Home / 2023 / July / 17

Daily Archives: July 17, 2023

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၇ =========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူ ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေါ်အေးအေးဝင်း၏ အေဝမ်းမုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် လျှပ်စစ်မီးအစားထိုးသုံးနိုင်ရေး Gasifier တပ်ဆင်အသုံးပြုရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲလင်းထွန်း ၏ ကောင်ရေ(၈၀၀၀၀)ကျော်ရှိသည့် ရွှေဝါအအေးခန်း ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှု ဖူလုံပိုလျှံနိုင်ရေး တိုးချဲ့ထုတ်လုပ်မွေးမြူရန်၊ တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကြက်ခြံအတွင်း …

Read More »