Home / 2023 / November (page 3)

Monthly Archives: November 2023

ပဲခူးမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၇ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့်ဌာနတစ်ခုဖြစ်ကာ နိုင်ငံတော်၏ သစ္စာကိုစောင့်သိလျက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းထမ်းဆောင်သွားရမှာဖြစ်ပြီး ရည်မှန်းတာဝန်များကိုလည်း အထူးအလေး အနက်ထား လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးကို ရှေ့ရှု၍ နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ပေးအပ်လာသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများအား အချိန်နှင့်တစ်ပြေးညီ ရိတ်သိမ်းနိုင်ရေး ဆောင်ရွက် နိုင်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု လျော့ချပေးနိုင်ခဲ့ရကြောင်း၊ အဓိကအားဖြင့် အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများအပေါ် အခြေခံပြီး ရာသီဥတု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် အထွက် ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်သလို အသိပညာပေးခြင်းများလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ ၊ နည်း မှန်ကန်စွာစနစ်တကျ သုံးစွဲရန်လိုအပ်ပြီး တစ်ဧက …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၄ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်း က သနပ်ပင်မြို့နယ်အတွင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်း ရည်မှန်းချက်ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်ကောင်းမွန်စေရေန်လိုအပ်ကြောင်း၊ တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက် ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စနစ်တကျ လယ်ယာမြေဖော်ထုတ်ပေးခြင်း၊ သက်သာသောနှုန်းထားဖြင့် သွင်းအားစု …

Read More »

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်ပြည်သူများက ကူညီ ထောက်ပံ့သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာသေးမီက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ်စဉ်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တွင် ရှေ့ဆုံးမှပါဝင်ဆောင်ရွက်ခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်ပြည့်အားပြည့် ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို …

Read More »

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု အားပေး

ပဲခူး နိုဝင်ဘာ ၁ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာသို့ ရောက်ရှိ ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဝန်ထမ်းများမှ နေအိမ်အလိုက် မွေးမြူထားသည့် တိရစ္ဆာန် အမျိုး အစားအလိုက် ကောင်ရေစာရင်းအား သတ်မှတ်ပုံစံများဖြင့် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန် ၊ ပြည်တွင်း/ပြည်ပ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်    အရေးပါသည့် တိရစ္ဆာန် ကောင်ရေစာရင်း …

Read More »