Home / 2023 (page 24)

Yearly Archives: 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၂၈ တောင်ငူ ================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ တောင်ငူမြို့နယ်၊ အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေရုံတက် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အစားအစာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။               ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် ရှေးဟောင်းကျုံးဘေး အပန်းဖြေပန်းခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှပန်းပင်များအား ခေတ်မီ Landscaping …

Read More »

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂ =========== ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများမှ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ပြီး …

Read More »

လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၁ ====================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ဆေးဝါးလိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။       …

Read More »

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉ ============== ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းဘုရားလမ်းရှိ ရှေးဟောင်းသမိုင်းဝင် မဟာဇိန ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုတင်လှူပေးခဲ့သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဇေယျာသီရိအာသောကကျောင်းတိုက်၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသီရိန္ဒ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သဇ္စျာယ်တော်မူကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ …

Read More »

၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၇ ==========               ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။               ရှေးဦးစွာ အားကစားခန်းမအတွင်း၌ နွေရာသီအားကစားသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများက နေရာယူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်အတွက်ရည်ရွယ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် နွေရာသီ အခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်းပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီအားကစားအခြေခံ သင်တန်းများမှတစ်ဆင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားလူရည်ချွန်များ ပေါ်ထွက်လာမှာဖြစ်ပြီး …

Read More »

တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်း ချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး မတ် ၁၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဒေသအလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အပေါ် အထူးအလေးထား အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ပြီး မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းပြီး စိုက်ချိန် မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ကြဲခင်းစနစ်လျော့ချပြီး အစေ့ချစနစ်နှင့် ပျိုးထောင်စနစ်၊ ကောက်စိုက်စက်စနစ်များဖြင့်  တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးရန် လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးသန့်မျိုးစေ့များအား …

Read More »

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ပဲခူး မတ် ၁၅ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတု ဆေးဝါးများ၊ အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအား အရင်းအမြစ်များ ပျက်စီးဆုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဌာန်းရခြင်းဖြစ်ကြောင်း၊ ယနေ့ လူဦးရေ တိုးတက်များပြား …

Read More »

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၃ =====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးန္တရာယ်များအားလုံးကို ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီ ကယ်ဆယ်ခြင်းလု်ပငန်းများအပြင် သဘာဝဘေးဖြစ်ပွားပြီး ပြန်လည်နေရာချထားခြင်းများအား ပြည်သူနှင့် အတူတကွ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip …

Read More »

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နိုင်ငံကျော်အဆိုတော်များဖြင့် စည်းကားသိုက်မြိုက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်

ပဲခူး မတ် ၁၁ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နိုင်ငံကျော်အဆိုတော်များဖြင့် စည်းကားသိုက်မြိုက် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမော ပြေနိုင်စေရေးနှင့် စုစည်းပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟို မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ် များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခင်နှစ်အတိုင်း လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ပဲခူး မတ် ၁၀ ==================           ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက် စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Phase-II) အစပျိုးအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေး လု်ပငန်းရှင်များ တက်ရောက်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ …

Read More »