ပဲခူး မတ် ၈ =============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်တို့နှင့် အမျိုးသားများ၏ လူသားအကျိုးပြုမှုတွေကို အသိ အမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website