Home / 2024 / May / 31

Daily Archives: May 31, 2024

ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါး စိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါးစိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက် နှုန်းရရှိရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး ယခင်နှစ်မိုးစပါးစိုက်ရာသီတွင် ကြုံတွေ့ခဲ့ရတဲ့ အားသာချက်၊ အားနည်း ချက်များ၊ စိန်ခေါ်မှုများ၊ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများပေါ် သုံးသပ်၍ ယခုနှစ် မိုးစပါး စိုက်ရာသီတွင် အကောင်းဆုံး ပြင်ဆင်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နွေစပါးနောက်ကျသည့် တစ်နှစ် (၃)သီးစိုက် လယ်မြေများအတွက် ကြိုတင်ပျိုးထောင်သည့်စနစ်ကို ဆောင်ရွက်သွာရမှာဖြစ်ပြီး စိုက်ပျိုးမည့် မျိုးစပါးများအား မျိုးစေ့သန့်စင်ခြင်း၊ …

Read More »