ပဲခူး ဩဂုတ် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံ လုံးတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆောင်ရွက်တော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်တွင် ရှေးပြေးတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံပေါ်မူတည်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် အသုံးပြုရမည့် ပုံစံများရရှိပြီဖြစ်၍ စာရင်းကောက်ယူရေး နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ တိရစ္ဆာန်အကောင်ရေစာရင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်း စားရေရိက္ခာ ဖူလုံမှုအတွက် အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်၍ စာရင်းဇယားမှန်ကန်ပြီး သတ်မှတ် ကာလအတွင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website