Home / 2026 / August / 09

Daily Archives: August 9, 2026

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၉           ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲကို ဩဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေး ချီးမြှင့်ပေးခဲ့သည်။         အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲနှင့် အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲဟူ၍ နှစ်မျိုးပါဝင်ခွဲခြားထားပြီး အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၁၉၀)ဦးတို့သည် တိုင်းဒေသကြီး လူငယ် စင်တာခန်းမရှေ့မှ ရန်ကုန်-မန္တလေးလမ်း၊ ဆည်မြောင်းလမ်းဆုံအထိ (၅.၅)မိုင်အားလည်းကောင်း၊ အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၃၆၀)ဦးတို့သည် တိုင်းဒေသကြီးလူငယ်စင်တာရှေ့မှ ရန်ကုန်-မန္တလေးကားလမ်း၊ မဟာမြိုင်လမ်းဆုံအထိ (၄)မိုင်အားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရာသူကြီးချုပ်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ကြိုဆိုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များ ပေးဝေခဲ့ကြသည်။         ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »