တောင်ငူ ဩဂုတ် ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ပျောရိုးချောင်း ကျေးရွာ၌ လုပ်ငန်းရှင် ဦးနိုင်လင်းဇော်၏ စွန့်ပစ်ပစ္စည်းမှ သံရည်ကျို လုပ်ငန်းမှ သံထည်ပစ္စည်းများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူ မြို့နယ်၊ လဲဘူးကျေးရွာသို့ ရောက်ရှိခဲ့ရာ စပါးစိုက်ဧကများ ဓာတုပိုးသတ်ဆေးသုံးစွဲမှု လျော့ချစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ထရိုင်ဂိုရားမား ဥကပ်ပါးနဂျီ အသုံးပြုစိုက်ပျိုးနိုင်ရေး အသိပညာ ပေးပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website