ပဲခူး ဩဂုတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဩဂုတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧကစိုက်ပျိုးစရိတ်သက်သာစေရေး သဘာဝမြေဩဇာနှင့် ရွက်ဖြန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ အဗျား ဘိုတဲကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက်ဧက(၃၅၀) တန်ဖိုးမြှင့် တောင်ပျံ ပေါ်ဆန်းစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ စုပေါင်းမြေဩဇာကြဲပတ်နေမှုနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website