Home / 2026 / August / 19

Daily Archives: August 19, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၉       ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ(၁၉)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်း‌ဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ် (၁၀)သိန်း ပေးအပ်ပြီး ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ …

Read More »