ပဲခူး ဩဂုတ် ၁၂ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ခေတ် လူငယ်များဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်များဟာ နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံတော်၏ အင်အား၊ နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်တဲ့အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလ(၅)တန်ဖွံ့ဖြိုးအောင်၊ လူတော်လူကောင်းများဖြစ် အောင် ဆောင်ရွက်ပေးရန် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်း လွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website