Home / 2026 / August / 28

Daily Archives: August 28, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၂၈       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ ၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တာဝန်ရှိသူတို့က ကရင် ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဖတ်ကြားသည်။        ယင်းနောက် လက်ပံတန်းမြို့နယ် ကရင်တိုင်းရင်းသား/သူများနှင့် ဘုရားသုံးဆူ ကရင်တိုင်းသား/ သူများက ကရင်ရိုးရာအကဖြင့်လည်းကောင်း၊ ပျဉ်းမငူကရင်တိုင်းရင်းသား/သူများက ကရင်ရိုးရာဝါးညှပ် အကဖြင့်လည်းကောင်း၊ သရက်ကုန်းကရင်တိုင်းရင်းသား/သူများက ကရင်တိုင်းရင်းသားရိုးရာကြိုးကျစ် …

Read More »