ပဲခူး ဩဂုတ် ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးအတွက် ပြည်သူ့လူထု ကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူလူထုအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင် နိုင်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ ကလေးများ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေး ဖြည့်ဆည်းဆောင်ရွက်သွားကြပေး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website