Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ် သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့် (၆၁)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

         ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရရှိခဲ့သည့်  ဒုတိယရဲမှူးကြီး ဝဏ္ဏမျိုး၊ အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းအများဆုံး ဖမ်းဆီးရမိသူ ရဲမှူး မင်းအောင်နှင့် အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် သူ ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်း ဗိုလ်ကြီး(ငြိမ်း)လှတင်ဦးတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က ပညာရေးဆိုင်ရာနှင့် သင်တန်းထူးချွန် ဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က ကဏ္ဍအလိုက် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့်(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့ကြ သည်။ ၎င်းနောက် ခန်းမအတွင်းပြသထားသော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းများနှင့် မှုခင်းအသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်ပြီး သက်ကြီးအဘိုးအဖွားများ အတွက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း အသက်အကြီး ဆုံးဖြစ်သည့် မိုးညိုမြို့နယ်၊ ဘိုးဘိုကျွန်းကျေးရွာအုပ်စုမှ အသက်(၁၁၈)နှစ်ရှိပြီဖြစ်သည့် အဘိုးဦးတင်ဟန်နှင့် ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာ၌ အသက်(၁၁၇)နှစ် ရှိပြီဖြစ်သည့် အဖွားဒေါ်ပြုံးကြည်တို့အား ဂုဏ်ပြု ငွေကျပ်(၃)သိန်းစီ ကန်တော့ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာ ကြသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များနှင့် သပြေကုန်းဘိုးဘွားရိပ်သာတို့မှ အသက်(၈၅)နှစ်အထက် အဘိုးအဖွား (၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးဆိုင်ရာ စစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။