ပဲခူး အောက်တိုဘာ ၂၃ ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးတက်လာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် အသက်မွေးနည်းပညာသင်တန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုသင်တန်းသည် မိမိတို့၏အိမ်၌ ဝင်ငွေရရှိသည့် …
Read More »Daily Archives: October 23, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး
သာယာဝတီ အောက်တိုဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်ရဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊သုံးဆယ်မြို့၊ အရှေ့သပြေကုန်းရပ်ကွက်၌ ဆိုလာစနစ်ဖြင့် ဦးမြင့်ဇော်၏ တစ်ရက် တန် ၁၀၀ ကျ ကောင်းသုခဆန်စက် လည်ပတ်နေမှုအားသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သုံးဆယ်မြို့မစျေးအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံ ဈေးသူ/သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မကျီးကွင်းကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးနေလင်းမှ သဘာဝအစားဖြင့် ဥစားဘဲကောင်ရေ ၂၀၀၀ အောင်မြင်စွာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website