ပဲခူး မေ ၅ =================== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေး အပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့် ကျစ်လစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်မှုများ ရှိရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင် ရွက်စေလိုကြောင်း ပြောကြားခဲ့ …
Read More »Bago Manager ZWL
ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ဓမ္မသဘင်ပွဲ ဆင်ယဉ်ကျင်းပပြုလုပ်
ပဲခူး မေ ၃ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၃)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အရှေ့ဖက်မုခ်အနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြခဲ့သည်။ ထို့နောက် မြတ်ဗုဒ္ဓအားရည်မှန်းအာရုံပြု၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များက ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ညပိုင်းအချိန်တွင် ဆုတောင်းပြည်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ …
Read More »ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာ အပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၃ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်အပါး(၁၀၀၀)တို့မှ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ဓမ္မာရုံအသီးသီးတို့တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ မြို့မိမြို့ဖများက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင် တော်ပေါ်တွင် သံဃာတော် အရှင်သူမြတ်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့် …
Read More »(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၂ ========== ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မေလ(၂)ရက်နေ့ နံနက်ပိုင်းက (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ မုန့်၊ အားဆေး၊ ဆန်၊ဆီ၊ အချိုရည်များပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း(၁၄၀) ဦးတို့မှ သွေးများလှူဒါန်းခဲ့သည့်အပြင် ဆေးရုံတက်လူနာများနှင့် သွေးအလှူရှင် စုစုပေါင်း လူဦးရေ …
Read More »ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဧပြီ ၂၅ ================== ပဲခူးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဧပြီလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အထူးအလေးထားကာ နယ်မြေဒေသ လူမျိုးဘာသာမရွေး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ရှေးယခင်ကတည်းက တိုင်းရင်သားပေါင်းစုံ ချစ်ခင် ရင်းနှီးစွာ စုပေါင်းနေထိုင်ကြပြီး အခြားတိုင်းရင်းသားများထက် ကရင်တိုင်းရင်းသားသည် …
Read More »ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်
ပဲခူး ဧပြီ ၂၉ =============== ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၁၈၄၂ ဒဿမ ၀၅၇ ဘီလီယံ အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၅ ဒဿမ ၅ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စာရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ …
Read More »ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဧပြီ ၂၈ =============== ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူမည့် လုပ်ငန်းသုံးပစ္စည်းများ တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းဝါသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ
ပြည် ဧပြီ ၂၃ =============== ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်က မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့တွင် ဝါသီးနှံစိုက်ပျိုးလျက်ရှိ မြေပြင်အနိမ့်အမြင့် ကွာခြားချက်ပေါ်မူတည်ပြီး ဝါသီးနှံ အမျိုးအစားနှင့် အထွက်နှုန်းများ ကွာခြားလျက်ရှိကြောင်း၊ မိရိုးဖလာ ဝါကြီး၊ ဒေသမျိုး ရွှေတောင်(၈)နှင့် ငွေချည်(၆)မျိုးတို့သည် တစ်ဧကအထွက်နှုန်း ပိဿာ(၆၀၀)ကျော်သာထွက်ရှိပြီ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ခက်ခဲကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုဖြင့် အထွက်နှုန်းကောင်းသည့် ရာကာ-၆၆၆ အား စံပြကွက်များဖြင့် ဖော်ထုတ်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ပိဿာ(၁၁၀၀)ခန့်ထွက်ရှိခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့ကြောင်း၊ လာမည့် နှစ်တွင် ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မေလ(၁)ရက်နေ့ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ် အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမား ဝန်ကြီးဌာန၊ …
Read More »ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင် ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင်အခမ်းအနားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်
ပဲခူး ဧပြီ ၂၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင် အခမ်း အနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၃)ရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ သည် ဘာသာရေးနှင့်ပတ်သက်သည့် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပြီး ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ် ကြီးတွင် ပထမဆုံးအနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အစဉ်အလာတစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပ သွားရန်လိုအပ်ကြောင်း၊ နံနက်ပိုင်းတွင် သဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး (၁၀၀)အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်၍ သီခြားဆွမ်းစားဓမ္မာရုံများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ သံဃာ တော်များနှင့်သီလရှင်များ ကြို/ပို့ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် …
Read More »