ပြည် စက်တင်ဘာ ၂၁ ================== ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအား အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် မြေပြင်စာရင်း ကောက်ယူရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အရေးကြီးကြောင်း၊ အဆိုပါ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂)မြို့နယ်၊ စာရင်းကောက်ကွက်(၉)ကွက် ကောက်ယူသွားမှာဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရာတွင် လူထပ်ခြင်းနှင့် ကျန်ရှိခြင်းမရှိစေရေး သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက်/ကျေးရွာအဆင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ် မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပြည် ဇန်နဝါရီ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက…
ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ကဝ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
နောက်ဆုံးရသတင်းများ
(၁၀၆)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၈ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက (၁၀၆)ကြိမ်မြောက် ဘက်စုံ သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင် မှုများ ပေးနိုင်ရန် အစွမ်းကုန် …
Read More »အယ်နီညိုရာသီဥတုဖြစ်၍ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး စက်တင်ဘာ ၁၇ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၁၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးရာသီကုန်ဆုံးသွားပြီးဖြစ်၍ ကြုံတွေ့ခဲ့ရသည့် အားသာချက်/အားနည်းချက်များအား သုံးသပ်ဆွေးနွေးရန်လိုအပ်ကြောင်း၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများအတွက် လိုအပ်သည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ကြိုတင် စုဆောင်းနိုင်ရေး ချိတ်ဆက်ထားရန်လိုအပ်ကြောင်း၊ လယ်မြေအလိုက် လိုအပ်သည့် သွင်းအားစုအလိုက် အချိုးအစား မှန်ကန်စွာဖြင့် သုံးစွဲနိုင်ရေး အသိပညာပေးရန် လိုအပ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဆောင်း သီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်းနှင့် Water Use Group များ အဖွဲ့များအနေဖြင့် စိုက်ပျိုးရေများ လေလွင့်မှုမရှိစေရေး စနစ်တကျသုံးစွဲရန် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ …
Read More »၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၆ ================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီး တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကပ်ဘေး ကျရောက်သည့် အခြေအနေများတွင် ရှေးဦးပြုစုခြင်းနည်းပညာများဖြင့် ချက်ခြင်းတုံ့ပြန်၍ လူအသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင် တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း အကူအညီ တွေကို ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်ပါအတိုင်း …
Read More »(၂၄)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၅ ================= ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက (၂၄)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ထူးချွန်ပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းမည့် မျိုးဆက်သစ် အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့်အတွက် အားရကျေနပ် ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ ဌာနဆိုင်ရာများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website