ပဲခူး ဒီဇင်ဘာ ၅ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂)မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူး မြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများ ကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် …
Read More »ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
သာယာဝတီ ဒီဇင်ဘာ ၄ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ဦးကျော်သီဟ၏ ပဲမုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များ အဆင့် မြှင့်တင်ရန်၊ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်များ ပိုမိုတိုးချဲ့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၅၀)၌ တောင်သူ(၆)ဦး၏ မြေဧရိယာ(၄၅)ဧကအား အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ်(၂၀.၂)သန်းဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး …
Read More »ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁ ============= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ AIDS ကင်းဝေးရေး ပြည်သူလူထု ဦးဆောင်ပေး”ဆိုသည့်အတိုင်း HIV ပိုးရှိ ရှင်သန်သူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေး ပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ပါက AIDS ရောဂါကို ပြည်သူ့ကျန်းမာရေး အန္တရာယ်အဖြစ်မှ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေးလုပ်ငန်း၏ အဓိကဖြစ်သော အေအာတီဆေးပေးဝေမှုကို …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်
ပဲခူး ဒီဇင်ဘာ ၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များ၊ နည်းပြ/အုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်မှာပါရှိသည့် “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော ဦးတည်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး အမျိုးသားပညာရေးမြင့်မားစေရေးအတွက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်များအနေဖြင့် စိတ်ဓါတ်ကြံ့ခိုင်၍ စွမ်းရည်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်းမွန် သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ …
Read More »အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့
ပဲခူး နိုဝင်ဘာ ၃၀ ================== ပဲခူးမြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီး တို့ကအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) နဖူးစည်းဆိုင်းဘုတ်အား Touching magic Ball ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး လျှပ်စစ်ဆိုင်ရာလက်တွေ့ခန်းများ၊ ရူပဗေဒဆိုင်ရာလက်တွေ့ခန်းများ၊ ဓါတုဗေဒဆိုင်ရာလက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website