ပဲခူး ဖေဖော်ဝါရီ ၉ ========= (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.Kစည်တီး(က)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ အလွတ်တန်းဖူဆယ်ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်း နှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဖေဖော်ဝါရီ ၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကြာမီ သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် လျှပ်စစ်ဓါတ်အားခကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီဖြစ်၍ သတ်မှတ်ဧရိယာအလိုက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ကြရန်နှင့် ကြဲပတ်စိုက်ပျိုးသည့်စနစ်မှ အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ …
Read More »နွားနို့ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး တိုက်တွန်း ပြောကြား
ပဲခူး ဖေဖော်ဝါရီ ၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဦးဇော်မင်းလွင်၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ၊ မွေးမြူရေးခြံတာဝန်ခံမှ နို့စားနွားစတင်မွေးမြူမှုနှင့် နွားစာအတွက် နေဗီယာမြက်နှင့် ပါရာမြက်(ရေမြုပ်ခံ)စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် နွားနို့ထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နို့စားနွားမှ ထွက်ရှိလာသည့် နွားနို့ကုန်ကြမ်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး နည်းပညာပေးရန်၊ တိရစ္ဆာန်ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ နွားမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန်နှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသားစား နွားများ ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ …
Read More »(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဖေဖော်ဝါရီ ၅ ========== (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ရွှေဝါထွန်းဘော်လီဘောအသင်းနှင့် ကဝမြို့မဘော်လီဘောအသင်းတို့ တတိယနေရာလုပွဲနှင့် LUCKY FISHအသင်းနှင့် ပဲခူးတက္ကသိုလ်မိသားစုအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပြည်သူများက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူများ အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အစိုးရအဖွဲ့တာဝန်ရှိသူများမှလည်းကောင်း၊ တတိယဆုရရှိသော ရွှေဝါထွန်းဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတက္ကသိုလ်မိသားစု ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား တိုင်းဒေသကြီး တရားလွှတ်တော် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၃ ================= ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ(၃) ရက်နေ့၊ ညနေပိုင်းက ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၂၀၀၀)ကျော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပဲခူး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များအား ဖတ်ကြား ခဲ့ကာ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိကောင်း စရာများအား ရှင်းလင်းပြောကြားခဲ့သည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website