ပဲခူး အောက်တိုဘာ ၂၁ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖရဲကျေးရွာအုပ်စု၊ ကာမာဖရန်ကျေးရွာအုပ်စု၊ ငါးကြီးဝင်းကျေးရွာ အုပ်စု၊ စွန်ပိကျေးရွာအုပ်စု၊ ကလိုင်ကျေးရွာ အုပ်စုနှင့် ရေကျော်ကျေးရွာအုပ်စုတို့မှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများထံ (ရေဆင်းစပ်မျိုး နေကြာ-၁)မျိုးစေ့ နှင့် ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေး စိုက်နည်းစနစ်များ အသိပညာပေးရန်၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ အမှန်တကယ် စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာရွေးချယ်ပေးရန်၊ ဥစားဘဲမွေးမြူနိုင်ရေးနှင့် …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှု Packing စနစ်များ အဆင့်မြင့် ကောင်းမွန်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား
ပဲခူး အောက်တိုဘာ ၁၉ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၉) ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းရာသီ ရောက်ရှိနေပြီဖြစ်၍ ရိတ်သိမ်းပြီးသီးနှံများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မကြာမီ ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ဆီထွက်သီးနှံများဖြစ်သော ပဲအမျိုးမျိုးနှင့် ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းဝယ်ယ်၍ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးမည့် နေရာများတွင် ရက်တိုပြီး အထွက်တိုးသည့် မျိုးကောင်းမျိုးသန့် များ အချိန်မီစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မိရိုးဖလာမွေးမြူနေသည့် စနစ်မှ ကြီးထွားနှုန်းကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဒေသကြက်မွေးမြူရေးလုပ်ငန်းများနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့
ကဝ အောက်တိုဘာ ၁၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သပြုစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း၌ ဒယ်အိုးအမျိုးမျိုး၊ စက်လှေပန်ကာအမျိုးမျိုး၊ ငရုတ်ဆုံနှင့် ဆိုင်ကယ်အပိုပစ္စည်း အမျိုးမျိုး သတ္တုအရည်ကျိုပုံလောင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ ၎င်းနောက် သပြုစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သတ္တုအရည်ကျိုပုံလောင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံတော်အဆင့်မှ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပြီး လုပ်ငန်းသုံးပါဝါမီတာရရှိရေး၊ စက်ရုံများအတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး၊ လိုအပ်ပါက ထရန်စဖော်မာတပ်ဆင်နိုင်ရေး၊ …
Read More »တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၅ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အခြေခံပြီး စည်းကမ်းပြည့်ဝစွာ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာ ကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် …
Read More »ပြည်သူဗဟိုပြုသော ကြိုတင်သတိပေးချက် ထုတ်ပြန်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်တွန်း ပြောကြား
ပဲခူး အောက်တိုဘာ ၁၃ =========== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်သည် “ကြိုတင် သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်” ဖြစ်ပြီး ကြိုတင်သတိပေးစနစ်များ ခိုင်မာ အားကောင်းအောင် ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်တွေအပေါ်မူတည်ပြီး လိုအပ်သည့်စီမံခန့်ခွဲ ဆောင်ရွက်ချက်တွေကိုလည်း အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြ ထားတာတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြိုတင်သတိပေးစနစ် ခိုင်မာအားကောင်းစေရန် ပြည်သူ လူထုပါဝင်သည့် ပြည်သူဗဟိုပြု သဘာဝဘေးကြိုတင်သတိပေးစနစ်ကို တည်ဆောက်နိုင်ရေး သတိပေးချက် များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြဖို့ အရေးကြီးကြောင်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website