နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

မူလလက်ငုတ်နှင့် မြေယာမဲ့အိမ်ထောင်စုများ မြေယာလုပ်ပိုင်ခွင့်ရရှိနိုင်ရေး စတင်ဆောင်ရွက်

FI

ဇန်နဝါရီ ၂၇ (ပဲခူး) ===================================== ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ရွှေကျင်မြို့၊ မြို့နယ်ခန်းမ၌ ရွှေကျင်မြို့နယ်၊ မအူပင်ကျေးရွာအုပ်စုမှ မူလလက်ငုတ်နှင့် မြေယာမဲ့ အိမ်ထောင်စုများ မြေယာလုပ်ပိုင်ခွင့်ရရှိနိုင်ရေး လျှောက်ထားဆောင်ရွက်နိုင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ First Founder of Landesa Group မှ အကြံပေးပုဂ္ဂိုလ် စိုက်ပျိုးရေးပညာရှင် ဦးဇော်ဝင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက မူလလက်ငုတ်နှင့် မြေယာမဲ့ အိမ်ထောင်စုများအတွက် မြေယာ လုပ်ပိုင်ခွင့်ရရှိရေး စီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပဲခူးခရိုင်နှင့် ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရွှေကျင်မြို့နယ်၊ မအူပင်ကျေးရွာအုပ်စုမှ …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)(ပထမနေ့)၌ လစ်လပ်လျက်ရှိသော တိုင်းဒေသကြီးဝန်ကြီး(၂)ဦး အဆိုပြုတင်ပြ

FI

ဇန်နဝါရီ ၂၅ (ပဲခူး) ================================ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈)(ပထမနေ့)ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးရှိသည့်အနက် (၆)ဦးခွင့်ယူသဖြင့် (၆၉)ဦးတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ နေရာယူပြီး အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် ဝန်ကြီးဌာန(၂)ဌာနအတွက် တာဝန်ပေးအပ်ရန် ဝန်ကြီး(၂)ဦး၏ အမည်စာရင်းအား အဆိုပြုတင်ပြပြီး ပထမပိုင်းအစည်းအဝေး ခေတ္တရပ်နားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်လပ်နေသော ဝန်ကြီးဌာန(၂)ခုအတွက် တာဝန်ပေးခန့်အပ်ရန် ဝန်ကြီးချုပ်က လွှတ်တော်သို့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကတိကဝတ်အာမခံချက်များ စီစစ်ရေးကော်မတီဥက္ကဌ ဒေါက်တာစောညိုဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးအဖြစ် အုတ်ဖိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီး …

Read More »

ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း

forestry-300x200

ဇန်နဝါရီ ၂၅ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ် ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်း (Community Forestry-CF) ဆောင်ရွက်မည့် အစီအစဉ်နှင့် CF တည်ထောင်ခြင်းဆိုင်ရာမှတ်စုများအား ပြည်သူများ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————–

Read More »

တင်ဒါခေါ်ယူခြင်း

th (1)

ဇန်နဝါရီ ၂၄ (ပဲခူး) ====================   ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများနှင့် ယာဉ်၊ ယန္တရား၊ ပစ္စည်းများ ဝယ်ယူခြင်းအတွက် တင်ဒါခေါ်ယူကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံ ကြည့်ရှုရန်——————————

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဇန်နဝါရီ ၂၃ (ပဲခူး) =====================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၁၆.၁.၂၀၁၈) ရက်နေ့မှ (၂၂.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်၊ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် သဲကုန်းမြို့နယ် တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်းကျွန်း (၆၃.၈၆၄၆ တန်)၊ သစ်မာ (၂၂.၂၂၄၄ တန်)၊ အခြားသား (၄.၇၃၇၅ တန်)၊ ထင်း (၂.၂၁၇၆ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ချိန်းဆော (၁) လက်၊ အင်ဂျင် (၃) လုံး၊ ဆိုင်ကယ် (၁) စီး၊ …

Read More »