ပြည် ဇန်နဝါရီ ၂၀ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေအောင် နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်းမျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုနှင့် ကုန်ထုတ် လမ်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် နွေစပါးစိုက်တောင်သူများအား တစ်ဧက လျှင် ပုလဲဓါတ်မြေဩဇာ (၁)အိတ်နှုန်း အစိုးရစျေးနှုန်းဖြင့် တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွား မှာဖြစ်ကြောင်း၊ အကြောင်းအမျိုးကြောင့် ရပ်နားခဲ့ရသည့် လျှပ်စစ်ရေတင်လုပ်ငန်းများအား …
Read More »ပဲခူးမြို့၌ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်)သင်တန်းဆင်းပွဲကျင်းပ
ပဲခူး ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအ…
ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁ ရက်နေ့၊ မွန်း…
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး
ပဲခူး မေ ၃၁ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀…
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲ အခမ်းအနားကျင်းပ
ပဲခူး မေ ၃၁ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်…
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်ဖွင့်လှစ်ခဲ့သော “အခြေခံစက်ချုပ်သင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ
ပဲခူး မေ ၃ဝ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားလူငယ်မျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ ၂၉ ရက်နေ့၊ နံန…
ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးန…
ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
နောက်ဆုံးရသတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေး
ပြည် ဇန်နဝါရီလ ၁၆ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက သရေခေတ္တရာ ပျူမြို့ဟောင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ အရှေ့ဘက် ဆင်ကျုံးဟောင်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူနိုင်ရေး၊ လမ်းညွှန်ဆိုင်ဘုတ်နှင့် လမ်းများကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းတော်အရှေ့ဘက်ရေကျုံး တူးဖော် ထားရှိမှုနှင့် ထပ်မံ၍ တူးဖော်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများအား စနစ် တကျ မှတ်တမ်းတင်ထားရှိရန် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၌ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့
ပြည် ဇန်နဝါရီ ၁၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား ဇန်နဝါရီလ(၁၅) ရက်နေ့ ညနေပိုင်းက ပြည်မြို့၊ ခေတ္တရာယဉ်ကျေးမှုရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်မြို့၊ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ပြသထားသည့် စားသုံးကုန်၊ လူသုံးကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှင့် ဒေသထွက် စက်မှု/လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်း များကို အသုံးပြု၍ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ပြည်မြို့၌ ကျင်းပပြုလုပ်သည့် MSMEs …
Read More »နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ပြန်လည်ပြုပြင်မွန်းမံ ပြီးစီးခဲ့သည့် ရှေးဟောင်းပြတိုက်အသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့
ပြည် ဇန်နဝါရီ ၁၄ ===================== ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေဆံတော်ဗုဒ္ဓ ပြတိုက် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတီတော် ဂေါပကအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဆံတော်ဗုဒ္ဓပြတိုက်ရှေ့၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ရွှေဆံတော်ဗုဒ္ဓ ပြတိုက်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပတ်ဖျန်းခဲ့ကြပြီး ပြတိုက်အတွင်း ခေတ်ကာလ၊ အမျိုးအစားအလိုက် ခွဲခြားပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများနှင့် အခြားသာသနိကပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် …
Read More »နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်သည့် ဘွဲ့တံဆိပ်များ သွားရောက်ချီးမြှင့်ပေးအပ်
ဇီးကုန်း ဇန်နဝါရီ ၁၄ ================= (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်မြို့နယ်၊ ကန္တလီကျေးရွာနေ သခင်လွင်(ခေါ်)ဦးဖိုးသင်ရရှိခဲ့သည့် သီရိပျံချီဆုတံဆိပ်အား ၎င်း၏ မြေးဖြစ်သူ ဦးသိန်းဦးအား သွားရောက်အပ်နှင်းခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website