နောက်ဆုံးရသတင်းများ

စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဇွန် ၇ (ပဲခူး) ==================           ဇွန်လ (၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံခန်းမ၌ စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ဝဒေသအား ခေတ်အဆက်ဆက် ထိန်းချုပ်နိုင်မှု အားနည်းခဲ့ကြောင်း၊ စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အထင်ကရမြစ်များတွင် တစ်စင်းအပါ အဝင်ဖြစ်ပြီး စုစုပေါင်း(၄၂၈)ကီလိုမီတာခန့်ရှည်လျားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှ မြစ်ဖျားခံကာ အရှေ့ဘက်မှ ပေါင်းလောင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်းနှင့် ရွှေကျင်ချောင်း၊ နောက်ဘက်မှ ဆင်သေချောင်း၊ ရုံးပင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွင်းချောင်း၊ ရဲနွယ်ချောင်း၊ ဘိုင်းနားချောင်းနှင့် ကောလိယချောင်းတို့ ပေါင်းစုံပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင် သွားကြောင်း၊ စစ်တောင်းမြစ်သည် မြစ်ခွဲများအဖြစ် ပြန်လည်ဖျာထွက်စီးဆင်းမှုမရှိခြင်း၊ မြစ်ဝ၌ ခေါင်းလောင်းပုံ သဏ္ဍာန်ရှိခြင်း၊ ရေချိုစီးဆင်းမှု မြန်ဆန်ခြင်း၊ ဒီရေတက်သည့် ဒဏ်ကိုခံရခြင်းတို့ကြောင့် …

Read More »

ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောစျေးကွက်တစ်ခု ရရှိစေရန် တရုတ်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး

FI

ဇွန် ၆ (ပဲခူး) ====================           ဇွန် (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောစျေးကွက် တစ်ခုရရှိစေရန် တရုတ်နိုင်ငံအခြေစိုက် China Assurance Finance Group Limited- Nanning Commodity Exchange မှ လုပ်ငန်းရှင်များ လာရောက်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ China Assurance Finance Group Limited- Nanning Commodity Exchange, CEO မှ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး တောင်သူလယ်သမား အများစုနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီသည် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် သီးနှံများအား တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသော စျေးကွက်တစ်ခုဖန်တီးပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ပါ ကြောင်း၊ တောင်သူများအား အဆင့်မြင့်နည်းပညာ၊ စိုက်ပျိုးစရိတ်တို့အား ကူညီပံ့ပိုးဆောင်ရွက် …

Read More »

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇွန် ၅ (ပဲခူး) ====================           ဇွန် (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူများအတွက် ဧကကွက်များ၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ စျေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ သီးနှံအလိုက် အာမခံရရှိနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပေါင်းစည်းလယ်ယာစနစ် ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် တောင်သူလယ်သမား တစ်ဦးချင်း ကိုယ်ပိုင်အရည်အသွေးမြင့်မားလာစေရန် ကဏ္ဍတစ်ခုခြင်းအလိုက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် အချက်များအပေါ် ရှင်းလင်းမှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ အတွင်းရေးမှူး ဝန်ကြီး ဦးအောင်ဇော်နိုင်က စိုက်ပျိုး သီးနှံများ …

Read More »

ပဲခူးမြို့၊ မြို့တော်ခန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

ဇွန် ၅ (ပဲခူး) =================================             ဇွန်လ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားရာတွင် အဖွဲ့အစည်းအားလုံးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေ စဉ်းစားထည့်သွင်း လုပ်ဆောင်ကြရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လက်ရှိနှင့်အနာဂတ် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို လေးလေး နက်နက်လုပ်ဆောင်ကြရန် ပြောကြားသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာကြသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Video မှတ်တမ်းအား ပြသပေးခဲ့သည်။ …

Read More »

ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၂/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ပဲခူး  ဇွန်  ၄ ==============================     ဇွန်လ(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ပထမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅) ဦးမှ (၆၈) ဦး တက်ရောက်ပြီး အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များများက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးစတင်သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးမျိုးမင်းဇော်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးညွှန့်ရွှေက လွှတ်တော်သို့တင်သွင်းသည်။ ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ(၂)ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ …

Read More »