Home / 2022 / March (page 2)

Monthly Archives: March 2022

စိုက်ပျိုးနိုင်သောမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူလိုအပ် ချက်များ ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြောကြား

ပဲခူး မတ် ၁၈ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးနိုင် သော မြေဧရိယာဧက သိန်း(၃၀)ကျော်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပေါကြွယ်ဝကြောင်း၊ စိုက်ပျိုးနိုင်သော မြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင် သည့် (Quick Win) စိုက်ပျိုးရေးလုပ်ငန်းအား အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ (ဟင်းသီးဟင်းရွက်)စိုက်ခင်း များအား မြို့နယ်အလိုက်ဖော်ဆောင်သွားရန်နှင့် လိုအပ်ပါက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေး ခြင်းကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၆ ===============         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂၀၂၂ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ မတ် ၁၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သွားရောက် တွေ့ဆုံသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင် သာယာရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အသံကို နားထောင်ရန်လည်းလိုအပ်ကြောင်း၊ လမ်းမြေဧရိယာနှင့် ဌာနဆိုင်ရာဧရိယာများတွင် ကျူးကျော်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ယခုနှစ်ဘတ်ဂျက်တွင် လမ်း/ တံတား/ ရေ/ လျှပ်စစ်မီး အဓိကဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ပိုလျှံစေရေး နေကြာသီးသန့်စိုက်ဧက တိုးတက်ရန် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများတွင် အေးချမ်းတည်ငြိမ်စွာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ မတ် ၁၁ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့တွင်းလမ်းပိုင်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်လမ်းပြင် အမှတ် အသား ဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ (၁)နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်ရေး၊ မြို့တွင်း/မြို့ပြင်သန့်ရှင်းသပ်ရပ်စေရေးမှာကြားခဲ့ကာ မြို့ဝင်လမ်းမီးလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး …

Read More »

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၁၀ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အေးချမ်းအောင် မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအလိုက် လုပ်ငန်းကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အသေးစိတ် တင်ပြပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဆပ်ကော်မတီအလိုက် …

Read More »

ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူး မတ် ၈ ==================           ပဲခူးမြို့ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ မွန်လွဲပိုင်းအချိန်က ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့  အထိမ်းအမှတ်အခမ်းအနားအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။            ရှေးဦးစွာ ဌာနဆိုင်ရာပေါင်းစုံပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ် သည် “စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မတန်းတူ ညီမျှစို့” ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ စာဆိုအကျော်အမော်များ၊ အနုပညာရှင်များ၊ စွမ်းဆောင်ရှင်များ များစွာပေါ်ထွန်းခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ အမျိုးသမီးများအတွက်ကို ထည့်သွင်းစဉ်းစားပေးမယ်ဆိုလျှင် လျှင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကဏ္ဍစုံမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင် …

Read More »

နွေစပါးအောင်ရေရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား

ပဲခူး မတ် ၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၇)ရက်နေ့၊ နံနက် ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို ရောက်ရှိလာပြီဖြစ်ပြီး လေပြင်းတိုက်ခြင်း၊ မိုးသက်လေပြင်း ကျခြင်း၊ မီးဘေးအန္တရာယ်နှင့် ရေရှားပါးခြင်းစသော သဘာဝ ဘေးအန္တရာယ်များ ကျရောက်နိုင်မည်ဖြစ်၍ ကြိုတင်ကာကွယ်ရေးလု်ပငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ လူ/စက်ယာဉ်ယန္တရားများ အသင့်အနေအထား ထားရှိခြင်းခြင်း၊ မီးတားလမ်းများ ဖောက်လုပ် ခြင်းနှင့် ရုံး/ဌာန အဆောက်အဦများတွင် မီးငြိမ်းသတ်ပစ္စည်းများ စနစ်တကျထားရှိခြင်းများ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီရောက်ရှိနေပြီဖြစ်၍ နွေစပါးအောင်ရေ ရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန်နှင့် ရေချိုကို အကျိုးရှိစွာအသုံးပြုရန်ဖြစ် ကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ကိုင်းမြေများ၊ …

Read More »

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၅)ထပ်၊ (၄)လုံး အခန်းပေါင်း(၈၀)ခန်း (၁၀၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များဖြင့် အဆောက်အဦများအား စနစ်တကျ စိစစ်လက်ခံဆောင်ရွက်သွားရန်နှင့် အိမ်ရာဝန်း အတွင်း/အပြင် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ တည်ဆောက်လျက်ရှိသော အားကစားဥယျာဉ်စီမံကိန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အဦသစ် မင်္ဂလာပန္နက်တော် တင် အခမ်းအနားတက်ရောက်

ကြို့ပင်ကောက် မတ် ၂ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားတက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် တရားရုံး အဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ ရောက်ရှိခဲ့ရာ မြို့နယ်တရားသူကြီးမှ တရားရုံးသစ် တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် တရားရုံးတည်ဆောက်ရေးတာဝန်ခံ Winner Land Production Co. Ltd တာဝန်ရှိသူတစ်ဦးကတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းအချက်အလက်များအား ရှင်းလငိးတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာပန္နက်တော်တင်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန်၌ပန္နက်တော်အား (၉)ချက် ရိုက်သွင်းကာ အမွေးနံ့သာရည်များ ပတ်ဖျန်း ပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ ရတနာရွှေမိုးငွေမိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး မတ် ၄ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံ မှုရှိစေရန် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု(၉၃)ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး(၂၂၂၅)တင်း အား အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ စားသုံးဆီဖူလုံမှု (၁၀၀)ရာခိုင်နှုန်းထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း ပြည်ပထုတ်ကုန် လျော့ချသုံးစွဲနိုင်ရေးနှင့် ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက(၈၅၀၀၀)ကျော် စိုက်ပျိုးသွားရန် လျာထားလျက်ရှိကြောင်း၊ မြို့နယ်အလိုက် အမှန်တကယ် နေကြာစိုက်ပျိုးဖြစ်ထွန်းစေမည့် နေရာများအား ရှာဖွေ၍ တစ်ကွင်းတစ်ဆက်တည်းဧကများစွာ တို့ချဲ့စိုက်ပျိုးရမည်ဖြစ်ပြီး တောင်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ရမည်ဖြစ်သလို မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ ပေးခြင်းနှင့် ရေရရှိရေး …

Read More »