Home / 2022 / October (page 2)

Monthly Archives: October 2022

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၂ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ လက်ထက်တွင် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိစစ်၍ စည်းကမ်းချက် အတိုင်း ဆောင်ရွက်ခြင်းမရှိပါက လယ်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအား သေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လယ်ယာ မြေများအား အခြားသီးနှံ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၀ ==========         ၂၀၂၂ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပဲခူးခရိုင်အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် ပေးခဲ့ သည်။   ရှေးဦးစွာ သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစား နေမှု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ သာယာဝတီ ခရိုင်အသင်းမှ တောင်ငူခရိုင်အသင်းကို (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။         ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း အားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ …

Read More »

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၁၀ ==========   ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ(၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ မဟာသီဝလိ သိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော် စသည့်နေရာများ တွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်သည်။       သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင် ကျောင်းပေါင်း(၃၅၈)ကျောင်းမှ သံဃာတော် (၂၈၅၂)ပါးတို့မှ (၁၀၃၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် အပါး(၁၉၀)ပါးမှ (၁၅၇)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၉)ကျောင်းမှ သံဃာတော်(၄၈၉)ပါးတို့မှ (၁၄၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်း တိုက် သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းနှင့် ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်း ရေးပြုလုပ်နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်ရင်း/တပ်ဖွဲ့များ အား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြား ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဆေးရုံ တိုးချဲ့ဆောက်လုပ် နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နတ်တလင်းမြို့၊ မြို့မရပ်ကွက်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် မိုးလုံလေလုံဖူဆယ်ဘောလုံးကွင်း၊ အလေးမခန်းနှင့် ကြက်တောင်ကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်

ပြည် အောက်တိုဘာ ၇ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်းအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် များ စိတ်ဝင်စားပြီး ပိုမိုလာရောက် လည်ပတ်နိုင်စေရေးအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းသို့ ခရီးသွားများ ကျယ်ဝန်းလွတ်လပ်စွာ သွားလာနိုင် ရေး (၄)လမ်းသွားကားလမ်းဖောက်လုပ်နိုင်ရန် လမ်းအူကြောင်း ရှာဖွေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းရှိ နန်းတော်ရာကုန်းသို့ သွားရောက်၍ နန်းတော်ရာကုန်း ပြန်လည်တူးဖော်မည့် အစီအစဉ်များ၊ နန်းတော်ရာကုန်းပတ်လည် အတွင်းကျုံး ပြန်လည်တူးဖော်မည့် အစီအစဉ်များနှင့် အတွင်းကျုံးအား ရေအမြဲရှိစေရေး မူလရေဝင်ရေလွှဲ စနစ်အား ပြန်လည်ဖော်ထုတ်နိုင်ရေး ဦးသောမကန်၊ ရဟန္တာကန်နှင့် ကြာကန် တည်ရှိနေမှုတို့ ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူမပျက် …

Read More »

မိရိုးဖလာထုတ်လုပ်နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကားပြောကြား

ပြည် အောက်တိုဘာ ၇ ====================== ပြည်မြို့၊ တည်ဆောက်ရေး(၂)ဧည့်ရိပ်သာ၌ အောက်တိုလာလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ မိရိုးဖလာထုတ်လုပ် နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကား ပြောကြားခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်အတွင်း အစားအသောက်များ၊ အသီးအနှံများနှင့် အဝတ်အထည်များ ပေါများစွာ ထွက်ရှိပြီး ပြည်တွင်းဈေးကွက်တွင်လည်း ခိုင်မာသည့် နေရာတစ်ခုကို ရရှိထား ပြီးဖြစ်ကြောင်း၊ ကုန်ပစ္စည်းအရည်အသွေးများ ကောင်းမွန်မှုရှိသော်လည်း တစ်ချို့ဒေသထွက်ကုန်များသည် ယခုအချိန်အထိ မိရိုးဖလာထုတ်လုပ်နေသည့် အဆင့်သာရှိနေပြီး ထပ်မံအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ ထုတ်ကုန်များ ၏ တန်ဖိုးသည် အရည်အသွေး ကောင်းမွန်မှုတစ်ခုတည်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် မဖြစ်နိုင်ကြောင်း၊ မိမိတို့ဒေသထွက်ကုန်တိုင်းတွင် ခေတ်မီသည့် ထုတ်ပိုးမှုပုံစံသစ်များဖြင့် ဆောင်ရွက်မှသာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၆ ================= အောက်တိုဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့် ဂုဏ်ပြုခြင်း အခမ်းအနားကို ပြည်မြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်းများ စွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်(၁၁၄)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁ =============        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် …

Read More »

စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ သံထည်ကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိသော သံရည်ကျိုလုပ်ငန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး အောက်တိုဘာ ၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ်(၂၉)ရှိ ဦးအေးဝင်း၏ သံရည်ကျိုပုံလောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ သံရည်ကျိုပုံလောင်းလုပ်ငန်းပိုင်ရှင် ဦးအေးဝင်းက ကုန်ကြမ်းဝယ်ယူမှု၊ သံရည်ကျိုခြင်း၊ ကုန်ချောထုတ်လုပ် ပုံအဆင့်ဆင့်၊ ကုန်ချောသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအား လုပ်ငန်းခွင် အတွင်း လိုက်လံရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို မြှင့်တင်ပေးရန်လာရောက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုပေါ်မူတည် လုပ်ကိုင်နေရသည်ကိုသိရှိရ၍ ကုန်ကြမ်းများ ဈေးနှုန်းသက်သာ စွာဖြင့် လွယ်ကူစွာရရှိနိုင်ရေး၊ အချို့ကုန်ချောများသည် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ လစဉ်တင်ပို့ပေးနေရသော်လည်း တစ်ဆင့်ခံဖြစ်နေသဖြင့် ထိုက်သင့်သည့်ဈေးနှုန်းမရရှိ၍ တိုက်ရိုက်ချိတ်ဆက်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁ =============       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ တွင်ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြော ကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သည့် (၅၈)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ …

Read More »