Home / 2022 / November / 29

Daily Archives: November 29, 2022

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၉ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြု လုပ်ရာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် တင်ဒါပိုလျှံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် အချိန်ကာလသတ်မှတ်ချက်များ ရှိသဖြင့် အမှန်တကယ်ပြီးစီးနိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများ၊ ဧရိယာများတွင် ကျူးကျော်မှုများ မရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခွန်လွတ်သာသနာ့နယ်မြေများအတွင်း စီးပွားရေးဆိုင်ရာ လူနေ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ …

Read More »