Home / 2022 / November / 21

Daily Archives: November 21, 2022

ပဲခူးမြို့တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး နိုဝင်ဘာ ၂၁ ============ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။        ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ကိုကိုစိတ်ကူးယဉ်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်းကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေး ကြသည်။        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်နှင့် …

Read More »