Home / 2022 / November / 18

Daily Archives: November 18, 2022

ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့

ပဲခူး နိုဝင်ဘာ ၁၈ =========== ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီ းဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို ကောင်းသည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုမဖြစ်စေဖို့ လူတစ်ဦးချင်း၊တစ်ယောက်ချင်းကိုယ်တိုင်က မိမိတို့ရဲ့အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့်ညီညွတ်သည့် ပုံစံတွေဖြစ်အောင် ပြောင်းလဲနေထိုင်ဖို့ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်နှင့် ပတ်ဝန်းကျင်များ ဖန်တီးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုအားပေးခြင်း၊ ကျန်းမာရေး အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လုပ်ဆောင်ခြင်းတို့ကို အထူး အလေးပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆီးချိုအပါအဝင် …

Read More »