Home / 2022 / November / 22

Daily Archives: November 22, 2022

မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တို်ငးဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာ ရေးလုပ်ငန်းများသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်၍ ပြည်သူလူထုထံ အပြည့်အဝ ဝန်ဆောင်မှုပေးရန်နှင့် ယဉ်ယဉ် ကျေးကျေး ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြို့တိုင်းတွင်ရှိသည့် အများနှင့်သက်ဆိုင်သည့် (Public Area) များ၊ မြို့နယ်ခန်းမများ၊ လမ်းမကြီးများ၊ ဈေးများနှင့် မြို့ဝင်/ထွက်များတွင် အလှပန်းပင်များ၊ အရိပ်ရအပင်များဖြင့် အလှဆင်ရန်နှင့် သန့်ရှင်းသပ်ရပ်စေရေးလည်း နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်ပင်ပိုင်ဧရိယာအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့တစ်ခု၏ စည်ပင်သာယာရေးလုပ်ငန်းများသည် ယင်းမြို့၏ ရရှိသည့် ဝင်ငွေခွန်ပေါ်တွင် မူတည်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားရန် …

Read More »