Home / 2022 / November / 12

Daily Archives: November 12, 2022

မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်း ဆိုင်ရာအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသား ကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေ အမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် …

Read More »