Home / 2022 / November / 08

Daily Archives: November 8, 2022

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူး နိုဝင်ဘာ ၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့ တွင် ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်အရှေ့ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲ တော်လာ ပြည်သူများ၊ တန်ဆောင်တိုင်ပွဲသို့ လာရောက်သည့် ပြည်သူများ စုစုပေါင်း လူဦးရေ(၁)သောင်း စတုဒီသာကျွေးမွေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် နိုင်ငံကျော် အဆိုတော်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။           ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓော်စေတီတော်မြတ်ကြီးတွင်း ရွေ့လျား စက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ တပ်ဆင်ခဲ့သည် ရွေ့လျားစက်လှေကား ဖွင့်ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတို့အား  နိုဝင်ဘာလ(၆)ရက်နေ့၊ ညနေပိုင်းက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာသည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က စက်လှေကားစတင် မောင်းနှင်နိုင်ရေး စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များ ပတ်ဖြန်းပေးခဲ့ကြသည်။           ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …

Read More »