ပဲခူး မေ ၁၅ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ ဖွင့်လှစ်သည့် Grade 12 သင်ရိုးသစ် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းမွန်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ် ကြောင်း၊ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသလို ခေတ်မီပညာများကို သင်ယူတတ်မြောက်စေရေး သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင် ရေးဆွဲလျက်ရှိကာ သင်တန်းနှစ်အလိုက် စနစ်သစ်ပညာရေးကို …
Read More »
					
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website