Home / 2023 / June (page 3)

Monthly Archives: June 2023

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄ ================ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်းဖွင့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ စီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းနှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် မေလ ၃၁ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/သူများ သက်တောင့် သက်သာ ပညာသင်ကြားနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်း ပြည့်စုံမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သီးသန့်အထူးခန်းများ ထည့်သွင်းရန်နှင့် ဆေးရုံရှေ့ ခေတ်မီလှပသော Landscaping Design များဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ တိုက်နယ် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး …

Read More »

ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇွန် ၂ =================           ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုအား ဇွန်လ (၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ကျောင်းအပ်လက်ခံမှု၊ ကျောင်း တက်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာသင်ကျောင်းအလိုက် စာသင်ခုံနှင့် စာသင်ခန်းများ ပြန်လည်ပြုပြင်ရန်၊ ခေတ်မီကလေးကစားကွင်း ဖြည့်ဆည်းပေးရန်၊ ကျောင်းအတွင်း သန့်ရှင်းသပ်ရပ်စေရေး နှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ကျောင်းတွင်းဘက်စုံသုံးခန်းမများ ပြန်လည်ပြုပြင်ပေး ရန်နှင့် ကျောင်းရှေ့ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး လူကူးမျဉ်းကြားများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၁ ===================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မစျေးကြီးသို့ ရောက်ရှိခဲ့ပြီး စျေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် စျေးရုံများအတွင်း ကြမ်းခင်းကြွေပြား ခင်းပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဈေးရုံးများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကာ စျေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သီရိ ခေတ္တရာရတနာမြို့တော်ခန်းမသို့ ရောက်ရှိခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး နို့စားနွားမွေးမြူရေးသီးသန့်ဇုန် အကောင်အထည် ဖော်ဆောင်ရွက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေဗီယာမြက် စိုက်ပျိုးရေး ဧရိယာ၊ တိရစ္ဆာန်အမျိုးအစားအလိုက် သီးသန့်မွေးမြူရေးဇုံများ ပိုင်းခြားသတ်မှတ်ရန်၊ ရေရရှိရေး …

Read More »